href="http://video.google.com/videoplay?docid=2638976382458360943&q=plumber" rel="nofollow">The Perfect Plumber
Testing Video
သူ နဲ့ သူမ
၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၈ ရက် (အင်္ဂါနေ့)
တစ်စုံတစ်ယောက်ကို နာမ်စားအဖြစ်နဲ့ ရည်ညွှန်းသုံးရာမှာ ယောက်ျားကို “သူ”၊ မိန်းမကို “သူမ” လို့ ခွဲသုံးတာမျိုးကို စာအုပ်စာတမ်းတွေမှာ မကြာခဏ တွေ့ရပါတယ်။ ၀တ္ထုတွေထဲ မိန်းကလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ရာမှာ “သူမ၏ အမည်မှာ လှလှချော ဖြစ်သည်။ သူမသည် အမည်နှင့်လိုက်အောင် လှလည်း လှ၊ ချောလည်း ချောသူ ဖြစ်သည်” ဆိုတဲ့ ရေးဖွဲ့ပုံမျိုးကို တွေ့ရတတ်ပါတယ်။ စင်စစ် “သူမ” ဟာ မြန်မာသုံး မဟုတ်ပါဘူး။ မြန်မာစကားမှာ “သူမ” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ မြန်မာစကားမှာ ယောက်ျားကိုဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် နာမ်စားသုံးရင် “သူ” လို့ပဲ သုံးပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောပုံကို သတိထားကြည့်ပါဦး။ “ဆွေဆွေတော့ သူ့ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူ နေမကောင်းလို့ မလာတော့ဘူးလို့ ပြောတယ်” လို့ပဲ ပြောရိုးပြောစဉ် ဖြစ်ပါတယ်။ “ဆွေဆွေတော့ သူမ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူမ နေမကောင်းလို့ မလာတော့ဘူး ပြောတယ်” လို့ ဘယ်သူ ပြောပါသလဲ။
စာထဲ ပေထဲ ပြန်ကြည့်ရင်လည်း ရှေးစာဖြစ်ဖြစ်၊ ခေတ်စာဖြစ်ဖြစ် လေးစားလောက်တဲ့စာ မှန်သမျှမှာ “သူမ” အသုံး မရှိပါဘူး။ အဲဒီလို ဆိုပေမယ့် ဘာကြောင့် “သူမ” အသုံး တွင်နေရပါသလဲ။
စာထဲ ပေထဲ ပြန်ကြည့်ရင်လည်း ရှေးစာဖြစ်ဖြစ်၊ ခေတ်စာဖြစ်ဖြစ် လေးစားလောက်တဲ့စာ မှန်သမျှမှာ “သူမ” အသုံး မရှိပါဘူး။ အဲဒီလို ဆိုပေမယ့် ဘာကြောင့် “သူမ” အသုံး တွင်နေရပါသလဲ။
“သူမ” အသုံး ပေါ်လာပုံကတော့ အင်္ဂလိပ်သဒ္ဒါကို မြန်မာဘာသာ ပြန်ရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်မှာ ထင်ရှားတဲ့ အင်္ဂလိပ်သဒ္ဒါစာအုပ်ကို ပုဂ္ဂိုလ်ကြီးတစ်ယောက်က မြန်မာဘာသာ ပြန်ဆိုပါတယ်။ အဲဒီလို ပြန်ဆိုရာမှာ Pronoun (နာမ်စား) တွေကို ဘာသာပြန်ရာ He, She ဆိုတဲ့ နာမ်စားနှစ်ခုကို မြန်မာလို ဘယ်လို ဖော်ပြရပါလိမ့် ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မြန်မာမှာ အဲဒီလို အသုံး မကွဲပါဘူး။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် “သူ” လို့ပဲ သုံးရိုးရှိတာကို အဲဒီ ပုဂ္ဂိုလ်ကြီး ကောင်းကောင်းသိပါတယ်။ ဒါကြောင့် He နဲ့ She ကို ဘာသာပြန်ရာမှာ He ကို “သူ”၊ She ကို “သူ(မ)” လို့ ကွဲပြားအောင် ခွဲပြလိုက်ပါတယ်။ She ဟာ မြန်မာလို “သူ” ပဲ ဖြစ်တယ်။ ဒါပေမယ့် အမျိုးသမီးကို ရည်ညွှန်းတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်က (မ) လို့ ကွင်းစကွင်းပိတ်နဲ့ ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အများက ဒီအသုံးအနှုန်းကို “သူမ” လို့ ထင်မှတ်ပြီး “သူမ” လို့ သုံးကြတာဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
မြန်မာစကားရဲ့ သဘာဝနဲ့လည်း မကိုက်ညီ၊ ရှေးရိုးရေးစဉ်လည်း မရှိ၊ ပြောရိုးပြောစဉ်လည်း မရှိတဲ့ “သူမ” ကို မသုံးသင့်တဲ့အကြောင်း ပညာရှင်တွေက ထောက်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သုံးတဲ့သူတွေကလည်း မှားသုံးနေကြဆဲပါပဲ။ တချို့က “သူ” လို့ သုံးရင် ယောက်ျား၊ မိန်းမ မကွဲမှာစိုးလို့ ခွဲသုံးသင့်တဲ့ အကြောင်း အကြောင်းပြချက် ပေးကြပါသေးတယ်။ စိုးရိမ်စရာ မရှိပါဘူး။ စကားသုံးနှုန်းတယ် ဆိုတဲ့နေရာမှာ ရှေ့နောက်စကား အဆက်အစပ်နဲ့ သုံးခြင်းသာ ဖြစ်ပါတယ်။ ရှေ့နောက် ဆက်စပ်ကြည့်ရင် ကျားမ ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် အသုံးမှားဖြစ်တဲ့ “သူမ” ကို သတိထား ရှောင်ရှားကြဖို့ အသိပေးလိုက်ရပါတယ်။
အထက်ပါ ပို့စ်တွင် ဖော်ပြထားသော အကြောင်းအရာများကို ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ - မောင်ခင်မင် (ဓနုဖြူ) မှ ကောက်နုတ် တင်ပြလိုက်ပါသည်။
မြန်မာစကားရဲ့ သဘာဝနဲ့လည်း မကိုက်ညီ၊ ရှေးရိုးရေးစဉ်လည်း မရှိ၊ ပြောရိုးပြောစဉ်လည်း မရှိတဲ့ “သူမ” ကို မသုံးသင့်တဲ့အကြောင်း ပညာရှင်တွေက ထောက်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သုံးတဲ့သူတွေကလည်း မှားသုံးနေကြဆဲပါပဲ။ တချို့က “သူ” လို့ သုံးရင် ယောက်ျား၊ မိန်းမ မကွဲမှာစိုးလို့ ခွဲသုံးသင့်တဲ့ အကြောင်း အကြောင်းပြချက် ပေးကြပါသေးတယ်။ စိုးရိမ်စရာ မရှိပါဘူး။ စကားသုံးနှုန်းတယ် ဆိုတဲ့နေရာမှာ ရှေ့နောက်စကား အဆက်အစပ်နဲ့ သုံးခြင်းသာ ဖြစ်ပါတယ်။ ရှေ့နောက် ဆက်စပ်ကြည့်ရင် ကျားမ ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် အသုံးမှားဖြစ်တဲ့ “သူမ” ကို သတိထား ရှောင်ရှားကြဖို့ အသိပေးလိုက်ရပါတယ်။
အထက်ပါ ပို့စ်တွင် ဖော်ပြထားသော အကြောင်းအရာများကို ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ - မောင်ခင်မင် (ဓနုဖြူ) မှ ကောက်နုတ် တင်ပြလိုက်ပါသည်။
Readmore »»
သဏ္ဍာန်တူ အနက်တူသော မွန်မြန်မာ ဝေါဟာရများ
မွန် | မြန်မာ | |||||||||||||||||||||||
အ | (ဆွံ့အ) အ | |||||||||||||||||||||||
အစမူလ | အစမူလ | |||||||||||||||||||||||
အကြာ | အကြား | |||||||||||||||||||||||
အစပ် | အစပ် (ဆက်စပ်ထိသည့်နေရာ) | |||||||||||||||||||||||
အခါ | အခါ (အချိန်၊ တစ်နှစ်တာ) | |||||||||||||||||||||||
အခန် | အခန်း (ကဏ္ဍ) | |||||||||||||||||||||||
အဆက် | အဆက် | |||||||||||||||||||||||
အင် | အင်း (မန္တန်နှင့်အင်းအိုင်) | |||||||||||||||||||||||
အဆက်အဆက် | အဆက်အဆက် | |||||||||||||||||||||||
အတိုင် | အတိုင်း | |||||||||||||||||||||||
အတာ | တာဝန် | |||||||||||||||||||||||
အထုပ် | (ဦး) ထုပ် | |||||||||||||||||||||||
ခါသာ | ခါသာ (ပါးလွှာသောအ၀တ်) | |||||||||||||||||||||||
အပ်စပ် | အပ်စပ် | |||||||||||||||||||||||
ခပ်သိမ် | ခပ်သိမ်း | |||||||||||||||||||||||
အပင် | အပင်း | |||||||||||||||||||||||
ခိုင် | ခိုင် (ခံ့) | |||||||||||||||||||||||
အပိုင်အခြာ | အပိုင်းအခြား | |||||||||||||||||||||||
ခေတ် | ခေတ် | |||||||||||||||||||||||
အရာ | အရာ (အရေးကိစ္စ) | |||||||||||||||||||||||
ခြာ | ခြား (နေရာခြားထား) | |||||||||||||||||||||||
အရက် | အရက် | |||||||||||||||||||||||
ခြုံ | ခြုံ (ချုံပုတ်) | |||||||||||||||||||||||
အရင် | အရင်း (အရင်းအနှီး၊ အရင်းခေါက်ခေါက်) | |||||||||||||||||||||||
စက် | စက် (စက်ကိရိယာ၊ စက်ရဟတ်) | |||||||||||||||||||||||
အရိုင် | အရိုင်း | |||||||||||||||||||||||
စက်ရာသီ | ရာသီစက် | |||||||||||||||||||||||
အလုံ | အလုံး | |||||||||||||||||||||||
စင် | စင် (စင်မြင့်) | |||||||||||||||||||||||
အလုံမွဲရး | တစ်ပြည်လုံး | |||||||||||||||||||||||
စပ် | စပ် (ဆက်စပ်သည်) | |||||||||||||||||||||||
အသံ | အသံ | |||||||||||||||||||||||
စိန် | စိန် (အဆိပ်) | |||||||||||||||||||||||
အာဏာ | အာဏာ | |||||||||||||||||||||||
စုံ | စုံ (စုံလင်) | |||||||||||||||||||||||
အာဏာစက် | အာဏာစက် | |||||||||||||||||||||||
စုံစုံရာရာ | စုံစုံရာရာ | |||||||||||||||||||||||
ဆ | အဆ (တစ်ဆ၊ နှစ်ဆ) | |||||||||||||||||||||||
အုပ် | အုပ် (ဖုံးအုပ်၊ အုပ်စိုး) | |||||||||||||||||||||||
ဆက် | ဆက် (ဆက်စပ်၊ ဆက်လုပ်) | |||||||||||||||||||||||
အုပ်လဒံ | အုပ်ချုပ်သည် | |||||||||||||||||||||||
ဆက်ကွဲာ | ဆက်သသည် | |||||||||||||||||||||||
အုံ | အုံ (ခြအုံ၊ လူနေရပ်ကွက်) | |||||||||||||||||||||||
ဆက်ဆက် | ဆက်ဆက် (သေချာစွာ) | |||||||||||||||||||||||
ဥမင် | ဥမင် (လိုဏ်ဂူ) | |||||||||||||||||||||||
ဆက်ဆံ | ဆက်ဆံ | |||||||||||||||||||||||
ကင် | ကင်း (ကင်းစောင့်) | |||||||||||||||||||||||
ဆက်ပါင် | နှုတ်ဆက် | |||||||||||||||||||||||
ကညာ | ကညာ (အပျို) | |||||||||||||||||||||||
ဆင် | ဆင်း (ခုန်ဆင်းသည်) | |||||||||||||||||||||||
ကနာ | ကနား (ရုံးပြင်ကနား) | |||||||||||||||||||||||
ဆတ္တာ | ဆတ္တာသည် (ဆံပင်ညှပ်သူ) | |||||||||||||||||||||||
ကိစ္စ | ကိစ္စ | |||||||||||||||||||||||
ဆုတ် | ဆုတ် (နောက်ဆုတ်) | |||||||||||||||||||||||
ကုန် | ကုန်း (တောင်ကုန်း) | |||||||||||||||||||||||
ဇြပ် | ဇရပ် | |||||||||||||||||||||||
ကုန်ကွ | ကုန်းကွ | |||||||||||||||||||||||
ညီ | ညီ (ညီညာ) | |||||||||||||||||||||||
ကိုင် | ကိုင်း (ကွေးကောက်) | |||||||||||||||||||||||
ကုံရုံ | ကုံရုံ (လုံလောက်) | |||||||||||||||||||||||
ညီ | ညီညာ၊ ညီညွတ် | |||||||||||||||||||||||
ညီညီသာသာ | ညီညီညွတ်ညွတ် | |||||||||||||||||||||||
ကျ | ကျ (ကျရှုံး) | |||||||||||||||||||||||
ညှာတာ | ညှာတာ | |||||||||||||||||||||||
ကပ် | ကပ် (ရောဂါကပ် စသည်) | |||||||||||||||||||||||
တင် | တင် (ဆင့်တင်) | |||||||||||||||||||||||
ခဏခေတ္တ | ခဏခေတ္တ | |||||||||||||||||||||||
တဆိပ် | တံဆိပ် | |||||||||||||||||||||||
ခယ | ခယ (ရိုသေခယသည်) | |||||||||||||||||||||||
တိုက် | တိုက် (အုတ်အဆောက်အဦ) | |||||||||||||||||||||||
တူရူ | တူရူ (ရှေ့တည့်တည့်) | |||||||||||||||||||||||
တိုက်ပိဋကတ် | ပိဋကတိုက် | |||||||||||||||||||||||
ဝဲ | ၀ဲဂယက် | |||||||||||||||||||||||
တိုင် | တိုင် (ငုတ်တိုင်၊ မိုင်တိုင်) | |||||||||||||||||||||||
ဝိုင် | ၀ိုင်း (ထမင်းစားဝိုင်း၊ စကားဝိုင်း) | |||||||||||||||||||||||
ထပ် | ထပ် (တစ်ခုပေါ် တစ်ခုထပ်) | |||||||||||||||||||||||
သဘင် | သဘင် | |||||||||||||||||||||||
အထပ်ထပ် | အထပ်ထပ် | |||||||||||||||||||||||
သဘင်ပေဲါ | ပွဲသဘင် | |||||||||||||||||||||||
ထယ် (ထဲ) | ထယ် (ထယ်ကိရိယာ) | |||||||||||||||||||||||
သက်သက် | သက်သက် | |||||||||||||||||||||||
ထုပ် | ထုပ်ပိုးသည် | |||||||||||||||||||||||
သက္ကရာဇ် | သက္ကရာဇ် | |||||||||||||||||||||||
ဒဏ် | ဒဏ် (အပြစ်ဒဏ်) | |||||||||||||||||||||||
ဟူရာ | ဟူးရား (နက္ခတ်တာရာ) | |||||||||||||||||||||||
နက် | နက်နဲ၊ နက်ရှိုင်း | |||||||||||||||||||||||
ဟေမ၀န် | ဟေမ၀န် | |||||||||||||||||||||||
ပက် | ပက်သည်၊ ရေပက် | |||||||||||||||||||||||
မဟေသီ | မဟေသီ | |||||||||||||||||||||||
ပရုတ် | ပရုတ်လုံး | |||||||||||||||||||||||
မှာ | မှားယွင်း | |||||||||||||||||||||||
ပလီ | ပလီ (လိမ်ပြော) | |||||||||||||||||||||||
ယုတ်မာ | ယုတ်မာ | |||||||||||||||||||||||
ပ၀ါ | ပုဝါ | |||||||||||||||||||||||
ရတု | ရတု (နှစ်၊ လ၊ တာ) | |||||||||||||||||||||||
ပူဆာ | ပူဆာ | |||||||||||||||||||||||
ရာဟု | ရာဟု | |||||||||||||||||||||||
ပိုင် | ပိုင် (ပိုင်ဆိုင်) | |||||||||||||||||||||||
ရင်တာ | ရင်တား (ပစ်စင်ရင်တား) | |||||||||||||||||||||||
ပိုင်ခြာ | ပိုင်းခြား | |||||||||||||||||||||||
ရိုင် | ရိုင်းသည် | |||||||||||||||||||||||
ပြိုင် | ပြိုင် (ယှဉ်ပြိုင်) | |||||||||||||||||||||||
ရိုင်ဇိုင် | ရိုင်းစိုင်း | |||||||||||||||||||||||
ဖက် | ဖက် (ရောဖက်) | |||||||||||||||||||||||
လင်္ကာ | လင်္ကာ | |||||||||||||||||||||||
လတ်လတ် | လတ်လတ်ဆတ်ဆတ် | |||||||||||||||||||||||
လက်ဆက် | လက်ဆက် | |||||||||||||||||||||||
လက်ဖက် | လက်ဖက် | |||||||||||||||||||||||
လီစ | လိမ်စား၊ လိမ်လည် |
Readmore »»
Subscribe to:
Posts (Atom)